Outdoor
Wall Light Materials
Published by lumos lite
Outdoor wall light တွေကို ပြုလုပ်ကြတဲ့ အကောင်းဆုံး materials တွေက ဘာတွေဖြစ်မလဲ….?
သူတို့နဲ့ အလိုက်ဘက်ဆုံး မီး Color တွေကိုရော ဘယ်လို ရွေးချယ်ကြမလဲ….?
ကျွန်တော်တို့တွေက “ ကိုယ့်ရဲ့ အိမ်မျက်နှာစာလေးကို အလင်းပေးချင်တယ်၊ ခြံဝန်လေးလှချင်တယ်၊ လုံခြုံချင်တယ်” ဆိုပြီး outdoor wall light တွေကို ဝယ်တပ်ကြပေမယ့် တကယ့်တကယ်တမ်းကျတော့ သင့်တော်တဲ့ product ရွေးချယ်တဲ့အခါမှာ အဲ့လောက်မရိုးရှင်းပါဘူး….
ပစ္စည်းရွေးချယ်တဲ့ နေရာမှာ ကတည်းက မိတ်ဆွေအလင်းပေးချင်တဲ့ နေရာရဲ့ ရာသီဥတုအခြေအနေတွေ၊ ပြင်ပမျက်နှာစာပုံစံတွေ၊ နံရံ design တွေပေါ်အခြေခံပြီး ဝယ်ယူတပ်ဆင်ရမယ့် product ရဲ့ materials သား၊ အလင်းပေးရမယ့် မီးရောင် (lighting color) တွေနဲ့ မိတ်ဆွေရဲ့ ဘက်ဂျတ် စတဲ့ အချက်ပေါင်းများစွာကို ချိတ်ဆက်စဉ်စားသင့်ပါတယ်။ ဒါမှလည်း မိတ်ဆွေလိုချင်တဲ့ mood အတိုင်း ဖြစ်လာမှာပါ….
ဒီတော့ product ရဲ့ materials တွေကို စဉ်စားတဲ့အခါမှာ “Aluminum, Brass, Copper, stainless Steel, Plastic, Glass, Cast iron” ဆိုပြီးရှိကြပေမယ့် သူတို့ရဲ့ အားသာချက်တွေကလည်း မတူညီကြပါဘူး…
Aluminum wall lights တွေဆိုရင်….
ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်သလို တာရှည်လည်းခံကြတဲ့အတွက် လူကြိုက်များကြပါတယ်….
Brass wall lights တွေကတော့….
သူတို့ရဲ့ Classic ဆန်မှုကြောင့်လူသိများသလို သံချေးတက်တာကိုလည်း အလွန်ခံနိုင်ရည်ရှိတော့ ပင်လယ်ကမ်းရိုးတန်းဒေသမျိုးတွေက အဆောက်အဦးတွေအတွက် ရွေးချယ်စရာတစ်ခုပေါ့….
Copper wall lights ကတော့….
ရိုးရှင်းပြီး ကျက်သရေရှိသလောက် တန်ဖိုးကလည်းမြင့်သလို တာရှည်ခံမှုနဲ့ အလှအပဆိုင်ရာ ဆွဲဆောင်မှုအတွက် ရေရှည်အတွက် စိတ်အေးရတဲ့ lighting မျိုးပါ…
Stainless steel wall lights ကတော့….
သိတဲ့အတိုင်း ခေတ်ကို မှီပြီးရင် မှီတဲ့ lighting မျိုးတွေဖြစ်သလို တာရှည်ခံမှုကလည်း အံမခန်းပါပဲ….
Plastic wall lights ကတော့….
စျေးသက်သာသလောက် တာရှည်ခံမှုမှာလည်း အားနည်းတဲ့အတွက် ရာသီဥတုအရမ်း မဆိုးတဲ့နေရာမျိုးဆိုရင်တော့ သင့်တော်ပါတယ်….
Outdoor Wall light တွေက material ပေါ်မူတည်ပြီး ကွာခြားချက်ရှိပေမယ့် Lumos ရဲ့ Die-cast Aluminum outdoor wall light တွေ ဖြစ်တဲ့ 2way wall lamp တွေကတော့ material တွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရလောက်အောင်….
သူရဲ့ Durability (တာရှည်ခံမှု) က အရမ်းကောင်းတော့ မိုးဒဏ်၊ လေဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ် အပါအဝင် ရာသီဥတုအမျိုးမျိုးကိုလည်းခံနိုင်ရည်ရှိသလို သံချေးတက်တာမျိုးလည်း ခံနိုင်ရည်ရှိပါတယ်…
Body က အပူကို စွန့်ထုတ်တဲ့အခါမှာ အထောက်အကူပြုသလို၊ အလေးချိန်အားဖြင့်ကြည့်ရင်လည်း တော်တော်လေးကိုပေါ့ပါးတော့ တပ်ဆင်ရတာလည်းအဆင်ပြေ၊ Die-cast ဖြစ်တော့ အနုစိတ် design ကိုလည်း ဖန်တီးနိုင်တဲ့အတွက် outdoor နေရာတော်တော်များများနဲ့ လိုက်ဖက်စေပါတယ်….
နောက်တစ်ချက်ကတော့…Color ကိုရွေးချယ်တာပါ…
မိတ်ဆွေက မျက်နှာစာအလှတရားကို wall light နဲ့ သက်တောင့်သက်သာရှိရှိ အလင်းပေးချင်တယ်ဆိုရင်တော့ warm white lights (2700k-3000K) ကို အသုံးပြုသင့်ပါတယ်….
#material #lumoslite #lightingsolutions
#interiordecoration #lightingconsulting #kelvin #warm #cool
#interoirlightingdesign #residential #commercial
Sign Up For Our Newsletter
We Are Lumos Lite
Home
Our Story
Journal
Project Gallery
Contact Us
Our Product
Decorative Lighting
Landscape Lighting
General Lighting
Façade Lighting
Contact Us
No.4A/10A, Mindama Road, East Gyogone Qtr, Insein Township, Yangon. Myanmar
Tel : +959 400 200 808
Email: info@lumoslitemm.com