Landscape

Lighting

Published by lumos lite

နေဝင်ပြီးနောက် နိုးထလာသော အိမ်အပြင်ဘက်မှ အလှတရားများအကြောင်း…
ဒါမှမဟုတ် “Landscape Lighting” များအကြောင်း….
Landscape Lighting တွေကိုတော့ ယျေဘူရအားဖြင့်ပြောရရင် ပြင်ပနေရာတွေရဲ့ အလှအပတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ Outdoor lighting ပုံစံတစ်ခုပေါ့။
Purposes of Landscape Lighting
*******************************
Aesthetic Enhancement : ဗိသုကာအင်္ဂါရပ်တွေ၊ သစ်ပင်တွေ၊ ပန်းပင်တွေကို မီးမောင်းထိုးပြပြီး အမြင်အာရုံ ဆွဲဆောင်မှုရှိတဲ့ ပြင်ပပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ ရည်ရွယ်ပါတယ်။
Safety and Security : အိမ်ခြံဝင်းတစ်ဝိုက် ဘေးကင်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်။
Functionality : ညအချိန်အတွင်း ခြံဝန်းထဲ ဖျော်ဖြေမှုတွေ၊ အပန်းဖြေမှုတွေအတွက်လည်း ရည်ရွယ်ပြီးအလင်းပေးကြပါတယ်။
Lighting Techniques
*******************
Up Lighting : lighting တွေကို မြေမျက်နှာပြင်ပေါ်မှာ နေရာချထားပြီး သစ်ပင်တွေ၊ ဗိသုကာအင်္ဂါရပ်များကဲ့သို့ vertical elementsတွေကို ရုပ်လုံးကြွလာအောင် မီးအလင်းကို အပေါ်ပင့်ထိုးတဲ့ သဘောပါ။
Down Lighting : lighting တွေကို အလင်းပေးချင်တဲ့ အရာရဲ့ အထက်မှာ တပ်ဆင်ထားပြီး မီးအလင်းကို အောက်စိုက်ချထားတဲ့ သဘောပါ။ paths, patios, နဲ့ outdoor seating areas တွေမှာ အသုံးပြုကြပါတယ်။
Cross Lighting : harsh shadows တွေကို လျှော့ချဖို့နဲ့ ပိုမိုမျှတတဲ့ အသွင်အပြင်ကို ဖန်တီးဖို့ multiple directionsတွေကနေ objectတွေ၊ areaတွေကို အလင်းပေးတဲ့ နည်းပညာတစ်မျိုးပါ။
Lighting Control
***************
Timers : မီးအဖွင့်အပိတ် လုပ်တဲ့အခါမှာ Timers System နဲ့ အလုပ်လုပ်တဲ့သဘောပါ။
Motion Sensors : ရွေ့လျားမှုကို တွေ့ရှိတဲ့အခါမှ မီးဖွင့်လှုံ့ဆော်ပေးတဲ့ System ပါ။ လုံခြုံရေးအတွက်သုံသလို စွမ်းအင်ထိရောက်မှုကို တိုးမြှင့်ဖို့အတွက်လည်း သုံးကြပါတယ်။
Smart Lighting Systems : စမတ်ဖုန်းအက်ပ်များ သို့မဟုတ် အသံအမိန့်ပေးချက်များမှတစ်ဆင့် အဝေးထိန်းစနစ်၊ အလိုအလျောက်စနစ်နဲ့ ighting scenes ကို စိတ်ကြိုက်ပြင်ဆင်ခွင့်ရတဲ့ သဘောပါ။
Energy Efficiency
****************
LED lighting တွေဖြစ်တဲ့အတွက် စွမ်းအင်ထိရောက်မှု၊ တာရှည်ခံမှုအပြင် အရောင်အမျိုးမျိုး ရွေးချယ်နိုင်မှုတို့ကြောင့်လည်း လူကြိုက်များတဲ့ lighting အမျိုးအစားပါ။
Types of Landscape Lighting
****************************
landscape lighting အမျိုးအစားတွေက အများကြီးရှိတဲ့အတွက် ကျွန်တော် ပုံတစ်ပုံချင်းစီနဲ့ပဲ အသေးစိတ်လေးရှင်းပြပေးထားပါတယ်ခင်ဗျာ….

underwater light
underwater light ဆိုတာက ရေအောက်ပတ်ဝန်းကျင် အမျိုးမျိုးကို လင်းထိန်စေဖို့ ရေတွင်နစ်မြုပ်နေတဲ့ အထူးဒီဇိုင်းထုတ်ထားတဲ့ lighting အမျိုးအစားပါ။
ရေကူးကန်တွေ၊ ရေကန်တွေ၊ စမ်းရေတွင်းတွေ၊ ငါးပြတိုက်လိုနေရာမျိုးတွေမှာ အလင်းပေးတာရော၊ အလှအပအတွက်ရော ရည်ရွယ်ပြီး အသုံးပြကြပါတယ်။

step light
Step light များဟာ အိမ်ရဲ့ landscape နဲ့ မျက်နှာစာ (Facade) အလှအပကိုမြှင့်တင်ပေးရာမှာ လိုအပ်တဲ့ outdoor Lighting အမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်….
Step Light အများစုဟာ သေးသေးကျစ်ကျစ် လေးနဲ့ Recessed type တွေဖြစ်ပါတယ်…ခြံဝန်းအတွင်းရှိ လှေကားထစ်လေးတွေကို အလှဆင်တဲ့ Lighting Fixtures လေးပဲဖြစ်ပါတယ်….

well light
well light တွေကို မြေကြီးထဲမှာ နစ်မြုပ်ပြီး အိမ်ရဲ့မျက်နှာစာကို အလင်းပေးဖို့….
သစ်ပင်ရဲ့ပင်စည် ဒါမှမဟုတ် သစ်ပင်ရဲ့အရွက် အောက်ပိုင်းကို လင်းစေဖို့အတွက် သီးသန့်အသုံးပြုကြပါတယ်။

wall light
Wall Lightဟာ နေအိမ်ရုံးခန်းတွေရဲ့ တံခါးမကြီး (Main Door) နဲ့ အုတ်တံတိုင်းခြံစည်းရိုးနံရံတွေကို အလင်းပေးအလှဆင်တဲ့အခါ အသုံးပြုသင့်ဆုံး Fixtures အမျိုးအစားပါ…
မှောင်မိုက်နေတဲ့ ဆင်ဝင်အောက်တွေ၊ အိမ်အဝင်တံခါးမကြီးတွေရဲ့ နေရာကို လှပနွေးထွေးတဲ့ Spaceလေးတစ်ခုအဖြစ် အသက်သွင်းတဲ့အခါမှာ Wall Light တွေဟာ အရမ်းအခရာကျလှပါတယ်….
Traditional Styles Wall Light တွေ Modern Design Wall Lights မျိုးစုံကို Marketထဲမှာ အလွယ်တကူ စိတ်ကြိုက်ရွေးချယ်နိုင်တာမို့လို့ Building နဲ့ လိုက်ဖက်တဲ့ Design ကို မရမှာတော့စိတ်မပူနဲ့‌နော် ….

wall washer
အခုနောက်ပိုင်း အဆောက်အဦးတွေရဲ့ မျက်နှာစာတွေကို သစ်ချောင်းတွေနဲ့ Decoration လုပ်တာ၊ မှန်တွေနဲ့ အလှဆင်ထားတဲ့ အဆောက်အဦးတွေခေတ်စားလာတာသတိထားမိကြမှာပါ။
အဲ့ဒီလို တခမ်းတနား တည်ဆောက်အလှဆင်တဲ့အခါ နေ့ဘက်မှာ ထည်ဝါနေဖို့သာမက ညဘက်မှာပါ တဖိတ်ဖိတ်တောက်နေစေဖို့ဆိုရင် ခေတ်မှီပြီးအရည်အသွေးပြည့်ဝတဲ့ Lighting ကို သေချာရွေးချယ်ဖို့လိုတာပေါ့။
သင့်အိမ်ရဲ့ မျက်နှာစာအလှ(သစ်ချောင်းတွေ၊ မှန်တွေနဲ့ အလှဆင်ထားတဲ့နေရာတွေ) ကို မီးနဲ့အလှဆင်တဲ့နေရာမှာ အသုံးပြုဖို့ ထုတ်လုပ်လာတဲ့ Lighting အမျိုးအစားပါ….

Sign Up For Our Newsletter

We Are Lumos Lite

Home

Our Story

Journal

Project Gallery

Contact Us

Our Product

Decorative Lighting

Landscape Lighting

General Lighting

Façade Lighting

Contact Us

No.4A/10A, Mindama Road, East Gyogone Qtr, Insein Township, Yangon. Myanmar

Tel : +959 400 200 808

Email: info@lumoslitemm.com

Get in Touch

Copyright © 2024Lumos lite Myanmar
November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930