About
Dimming Systems
Published by lumos lite
အသုံးအများဆုံး
Dimming Systems များအကြောင်း….
Fixture ကိုလည်းမပြောင်းချင်ဘူး….အခန်းရဲ့ အလင်းပမာဏကို အတိုးအလျော့လုပ်ပြီး lighting mood မျိုးစုံကို ကစားချင်တယ်ချင်ရင်…dimming system ကိုသုံးကြပါတယ်….
Dimming systemတွေက များစွာရှိတယ်ဆိုပေမယ့်… တကယ့်တကယ်တမ်း တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ dimming System တွေကတော့….
0-10V dimming System
***************
0-10V dimming system ဆိုတာက light intensity range ကို ” 0 “ ကနေ “100%” အထိ လိုအပ်သလို ချိန်ညှိပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့ Dimming System တစ်ခုပါ။ 0V ဆိုတာကတော့ lighting fixture ရဲ့ minimum brightness ကို ဆိုလိုတာဖြစ်ပြီး 10V ဆိုတာကတော့ maximum brightness ကို ရောက်တယ်လို ဆိုလိုတာပါ….
0-10V dimming system က analogue dimming technology ကိုအခြေခံထားပြီး home automation System နဲ့လည်း client စိတ်ကြိုက် လိုအပ်သလို ချိတ်ဆက် အသုံးပြုလို့ရပါတယ်။ ဒီ system မှာတော့ power supply နဲ့ dimmer အတွက် control wires ၂ချောင်းနဲ့ lighting System ကို အဖွင့်အပိတ်လုပ်ဖို့အတွက် Main Switch တစ်ခုတော့လိုပါလိမ့်မယ်…
DALI dimmers
**************
digital dimming systems အတွက် Digital Addressable Light Interface (DALI) ကိုတော့ project ကြီး တော်တော်များများမှာ အသုံးပြုကြပါတယ်။ သူက analogue dimming System နဲ့မတူတဲ့အချက်ကတော့ power supply တစ်ခုစီကနေ address တစ်ခုရရှိတဲ့အတွက်ကြောင့်မို့ device တစ်ခုစီကို သီးသန့် dim လုပ်နိုင်ပါတယ်….
ဆိုလိုတာက ၃လွှာက Gimble downlight ကို ပိတ်ချင်တယ်ဆိုရင် ကိုယ်က ၁လွှာက digital system အထိုင်ထားတဲ့နေရာကနေ Gimble downlight device ရဲ့ address ကို digital မှာ ဖော်ပြီး ပိတ်လို့ရတဲ့သဘောမျိုးပါ….အဲ့တာကြောင့် ဒီ System ကတော့…Building Management System နဲ့လည်း ပေါင်းစပ်နိုင်သလို လျှပ်စစ်အသုံးကိုလည်း ချွေတာနိုင်ပါတယ်….
Wireless dimmers
******************
Wireless dimmers ကတော့ smart buildings တွေအတွက်တော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ ဆိုရမှာပါ။ သူက wireless network တစ်ခုကနေ electrical devicesအားလုံးနဲ့ integrate လုပ်နိုင်ပါတယ်…
ဆိုလိုတာက smartphones, tablets, smart watches စတာတွေကနေ lighting ကို wiring တွေ ပြောင်းစရာမလိုပဲ ကိုယ်တိုင်စိတ်ကြိုက် Smart Control လုပ်နိုင်တဲ့သဘောမျိုးပါ…
တစ်ခုသိထားရမှာက တစ်ချို့ lighting brandတွေရဲ့ dimmable fixtures တွေဟာ specification အရ 100% dim လုပ်နိုင်တယ် ပြောထားပေမယ့် လက်တွေ့မှာတော့ 100% dimming မဖြစ်တာမျိုးတွေ တွေ့ရပါတယ်…
ဒါဟာ lighting products တိုင်းမှာ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ Lumos brand က dimmable fixtures တွေကို ရွေးချယ်မယ်ဆိုရင်တော့ 100% အပြည့် dim လုပ်နိုင်တာကိုတွေ့ရပါတယ်…
ဒါကြောင့်မို့လို့ client အနေနဲ့ dimming System ကို သုံးတော့မယ်ဆိုရင် အချိန်ခဏ နဲ့ Performance ကျသွားတဲ့ product တွေကို သုံးမယ့် အစား ရေရှည်ကို စဉ်စားပြီး Quality ကောင်းတဲ့ Lumos က Product တွေကိုရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်…
ဒီလောက်ဆိုရင်တော့ dimming အကြောင်းကို သိလောက်ပြီထင်ပါတယ်…
ဗဟုသုတ တစ်စုံတစ်ရာ ရခဲ့ရင်လည်း page ကို like or follow လုပ်သွားပေးကြပါအုန်းနော်….
#Commercialspaces #lumoslite #lightingsolutions #dimmingsystem
#interiordecoration #lightingconsulting #dimming #1-10V #dalidimmer
#interoirlightingdesign #residential #commercial #dali #wirelessdimmer
Sign Up For Our Newsletter
We Are Lumos Lite
Home
Our Story
Journal
Project Gallery
Contact Us
Our Product
Decorative Lighting
Landscape Lighting
General Lighting
Façade Lighting
Contact Us
No.4A/10A, Mindama Road, East Gyogone Qtr, Insein Township, Yangon. Myanmar
Tel : +959 400 200 808
Email: info@lumoslitemm.com